The Good Post : Myanmar
Description
The Good Post
လူသားဆန်တဲ့ဇာတ်လမ်းပုံပြင်ပေါင်းများစွာနဲ့ စာအုပ်လေးနှစ်အုပ် အိမ်မှာရှိနေပြီလား။
စာမျက်နှာ ၁၀၇ မျက်နှာ
လူသားဆန်တဲ့ဇာတ်လမ်းပုံပြင်ပေါင်းများစွာနဲ့ စာအုပ်လေးနှစ်အုပ် အိမ်မှာရှိနေပြီလား
The Good Post စာအုပ်လေးဖတ်ပြီး လူသားဆန်မှုကို ခံစားကြည့်ပါ။ လေးစားအားကျဖွယ် လူသားတွေ၊ ချစ်စရာနှလုံးသားနဲ့ လူတွေ၊ စွန့်လွှတ်စွန့်စားပြီး လူသားအကျိုးဆောင်ရွက်သူတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ လှပတဲ့ဆောင်ရွက်မှုတွေ စသဖြင့် ကောင်းသတင်း ကောင်းခြင်း ဇာတ်လမ်းပုံပြင်ပေါင်းများစွာ ပါဝင်တဲ့ စာအုပ်လေးတွေ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဖခင်နဲ့ အတူပါလာတဲ့ ကလေးငယ်လေးဟာ ပါဝါရိန်းဂျားဝတ်စုံကို ဝတ်ဆင်လို့ တာဒါဟီရိုကာနီမတ်ဆု အလုပ်လုပ်ရာ အပင်ထွက်ပစ္စည်းတွေရောင်းတဲ့ စတိုးဆိုင်လေးဆီ ရောက်ရှိလာပါတယ် ။
တာဒါဟီရိုကာနီမတ်ဆု ဟာ သူ့ရဲ့ငယ်ဘဝအိပ်မက်လေးကို ပါဝါရိန်းဂျားဝတ်စုံ ဝတ်ထားတဲ့ ကလေးငယ်ဆီကနေ ပြန်လည်အမှတ်ရသွားပါတယ် ။ အဒီနောက်မှာ သူ့ငယ်ဘဝအိပ်မက်လေးကို အသက်သွင်းဖို့ကြိုးစားပါတော့တယ် ။
တာဒါဟီရိုကာနီမတ်ဆုတစ်ယောက် သူ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ပါဝါရိန်းဂျားအိပ်မက်ကို ဘယ်လိုပုံစံနဲ့အသက်သွင်းခဲ့တယ်ထင်ပါသလဲ ........... ။
Credit: Third Story Project